Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

လားရှိုးမြို့တွင် ငွေကျပ် ၅၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လားရှိုးမြို့တွင် ငွေကျပ် ၅၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၂၀ မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ

လားရှိုးမြို့တွင် ငွေကျပ် ၅၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၀

မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ရီဆိုက်(၅၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၄ သိန်း)နှင့် ဘိန်းဖြူ ၂၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ရီဆိုက်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။