Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

လားရှိုးမြို့တွင် ငွေကျပ် ၇၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လားရှိုးမြို့တွင် ငွေကျပ် ၇၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၃ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်

လားရှိုးမြို့တွင် ငွေကျပ် ၇၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၃

မေလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်သတင်းအရ လားရှိုးမြို့၊အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ (၁၃)နေ ကျင်ရှောင်(၂၇)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၆၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၃ သိန်း)၊ ဘိန်းစိမ်း ၁ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၇ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇ သိန်း)နှင့် ဘိန်းဖြူ ၂၆၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၂ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် ကျင်ရှောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။