Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၀                 မေလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၀

                မေလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၃) ရပ်ကွက်၊ မန္တလေးလမ်းနှင့် စစ်တွေလမ်းထောင့်တွင် လမ်းလျှောက်လာသူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ (၇)ရပ်ကွက်နေ လှိုင်မျိုးကျော်(ခ)ကျော်ကြီး(၃၈)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၀)အား ဖမ်းဆီးရမိပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းနေထိုင်သည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၀)အား ထပ်မံသိမ်းဆည်း ရမိသဖြင့် လှိုင်မျိုးကျော်(ခ)ကျော်ကြီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။