မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂,၇၉၀ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၃ မေလ ၁၈ ရက်နေ့ ည ၆ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးန
မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၂,၇၉၀ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၂၃
မေလ ၁၈ ရက်နေ့ ည ၆ နာရီခွဲအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၁)၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ အောင်သပြေလမ်းနေ သက်နိုင်(၃၆)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ ၁၀ ဒသမ ၄၄ ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂,၆၁၀)အား ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲအချိန် မူးယစ် ဆေးဝါးများ သယ်ဆောင်ရောင်းချရာတွင် ပူးပေါင်းပါဝင်သူ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ နေတက်(၂၆)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်မတွေ့ရှိရဘဲ နေအိမ် အတွင်းမှ ဘိန်းဆီခဲ ၆ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၆၂ ဒဿမ ၅ သိန်း)၊ ဘိန်းစိမ်း ၂ ကီလို (တစ်ကီလိုလျှင်ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသ တန်ဖိုး ငွေကျပ် ၁၈ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် သက်နိုင်နှင့် နေတက်(ဖမ်းဆီးရန်ကျန်)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

