Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂၃၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂၃၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ နေပြည်တော်၊ မတ် ၁၉           မတ်လ ၁၆ ရက်နေ့ ည ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်မျာ

မင်္ဂလာဒုံမြို့နယ်တွင် ငွေကျပ် ၂၃၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၁၉

          မတ်လ ၁၆ ရက်နေ့ ည ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂)(က) ရပ်ကွက်နေ ထက်ဝေဖြိုး(၂၅)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀,၂၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၀၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၀၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၃၀)တို့အား ဖမ်းဆီးရမိသဖြင့် ထက်ဝေဖြိုးအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။