Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

မကွေးမြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

မကွေးမြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၇ မေလ ၂၄ ရက်နေ့ ည ၆ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ

မကွေးမြို့နယ်တွင် ငွေကျပ်သိန်း ၄,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၇

မေလ ၂၄ ရက်နေ့ ည ၆ နာရီခွဲအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မကွေးမြို့နယ်၊ ကန်ပြားကျေးရွာအနီးတွင် တပ်ကုန်းမြို့၊ ဗိုလ်မင်းရောင်ရပ်ကွက်နေ ဟန်မင်းကို(ခ)မင်းမင်း(၄၈)နှစ် မောင်းနှင်လာသော TOYOTA LANDCRUISER PRADO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄,၅၀၀)အား ဖမ်းဆီးရမိသဖြင့် ဟန်မင်းကို(ခ)မင်းမင်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သတင်းရရှိသည်။