မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများပြန်လည်ရောက်ရှိကာ အစိုးရဌာနဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ နိုဝင်ဘာ ၁၈ ပြည်သူလ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများပြန်လည်ရောက်ရှိကာ အစိုးရဌာနဆိုင်ရာလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၈
ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် မှုချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ပြည်သူလူထု၏ လူမှုစီးပွားဘဝပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ အဖျက် အမှောင့်လုပ်ငန်းများလုပ်ဆောင်မှုကြောင့် လုံခြုံရေးအရ ယာယီပိတ်သိမ်းရပ်ဆိုင်းထားခဲ့သည့် စာသင် ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများအပါအဝင် အစိုးရဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးအခြေအနေအရ မြင်းခြံမြို့နယ်နှင့် အခြားမြို့နယ် များ၌ တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ နွားထိုးကြီးမြို့နယ်အတွင်းရှိ စာသင် ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများအပါအဝင် အစိုးရဌာနဆိုင်ရာလုပ်ငန်းများတွင် ပြန်လည်တာဝန် ထမ်းဆောင်လျက်ရှိရာ ဌာနဆိုင်ရာပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်စုစုပေါင်း ၂၅၆ ဦးတို့သည် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ အသီးသီးရောက်ရှိကြပြီး ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များအား စတင်လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
Government Functions Restored in Natogyi Township, Mandalay Region with Return of Civil Servants
Nay Pyi Taw, November 18
Security force members are collaborating with local citizens who seek stability and peace to carry out counter-terrorism operations, enabling the public to live safely. In Natogyi Township, Mandalay Region, efforts are underway to resume the operations of government departments: including schools, hospitals, and clinics, that were temporarily closed for security reasons due to the destructive activities of terrorist groups, in order to restore the socio-economic life of the community.
From 7 to 15 November 2025, government staff assigned to Myingyan Township and other townships due to the security situation reported back to the Natogyi Township General Administration Department. Among those who reported, the total number of civil servants and their family members from various departments was 256. These staff members have now resumed their duties in their respective government departments within Natogyi Township, including schools, hospitals, and clinics, it is reported.