မိုးကုတ်မြို့တွင် ငွေကျပ် ၁,၃၉၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၅ မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်
မိုးကုတ်မြို့တွင် ငွေကျပ် ၁,၃၉၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၅
မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးကုတ်မြို့၊ လယ်ဦးအုပ်စု၊ အုံးပင်ရေထွက်ရပ်နေ ဝေါ်တာ (ခ)ဗျာဆီး(၄၅)နှစ်နှင့် ဇနီးဖြစ်သူ မချစ်လု(ခ)အာဝူမီး(၂၇)နှစ်တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၃,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁,၃၉၅ သိန်း)အား ဖမ်းဆီးရမိသဖြင့် ဝေါ်တာ(ခ)ဗျာဆီးနှင့် မချစ်လု(ခ) အာဝူမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းရရှိသည်။
