Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁,၀၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁,၀၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၃ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁,၀၂၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၃

မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူး                    ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးညှင်းမြို့နယ်၊ ပင်လုံ-မော်ဟဲကျေးရွာ သွားလမ်းတွင် ကသာမြို့၊ ဇေယျာချောင်ရပ်ကွက်နေ အောင်ကျော်ကျော်(ခ)ဖိုးအောင်(၄၄)နှစ် မောင်းနှင်လာသော YINXIANG 125 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်နောက်ရှိ လိမ္မော်သီးခြင်းအတွင်း သိုဝှက်ထည့်သွင်းသယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၆၈,၄၀၀ ပြား(တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁,၀၂၆ သိန်း)နှင့် မြန်မာငွေစက္ကူ ၁၀၀,၀၀၀ ကျပ်တို့အား ဖမ်းဆီးရမိသဖြင့် အောင်ကျော်ကျော်(ခ)ဖိုးအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။