Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၆၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၆၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၃ ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်                     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွ

မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၁၆၂ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၃

ဇွန်လ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်                     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  သတင်းအရ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ရွာအနီးတွင် မိုးကောင်းမြို့နယ်၊ ပဲခူးစုရွာနေ သန်းနိုင်ဦး(၃၂)နှစ် မောင်းနှင်ပြီး အင်းတော်မြို့နယ်၊ ပေကုန်းရွာနေ အောင်မြင့်ထွန်း(ခ)ထွေးပို(၄၈)နှစ် လိုက်ပါလာသော MIKKO 125 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၈၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၆၂ သိန်း)အား ဖမ်းဆီးရမိသဖြင့် သန်းနိုင်ဦးနှင့် အောင်မြင့်ထွန်း(ခ)ထွေးပိုတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိသည်။