မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး/ထိခိုက်ဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် ၁၃ အစွန်းရောက်အကြမ်းဖက်သမားမျ
မြို့နယ်အချို့၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူအချို့သေဆုံး/ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၁၃
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မကွေး တိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ဖာအိုင်း(အရှေ့)ကျေးရွာနေသူများဖြစ်ကြသည့် ဦးအောင်ဇော်မိုး (၃၉)နှစ်နှင့် ဦးကျော်မြင့်သန်း(၄၉)နှစ်တို့သည် ကျေးရွာ၏အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဒေသအခေါ် နွားမတောင်သို့ ဝါးခုတ်ရန် ထွက်ခွာလာစဉ် တောင်ခြေအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ဦးအောင်ဇော်မိုးမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မင်းဘူးမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယာပြင် ကျေးရွာနေ ဦးမောင်ထွေး(၄၀)နှစ်သည် ကျေးရွာ၏အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
In Certain Townships, Innocent Civilians Killed and Injured in Improvised Explosive Device Explosions Planted by Terrorists
Nay Pyi Taw, June 13
In order to cause injuries to both peaceable civilians and administrative authorities who are striving to restore the rule of law, extreme terrorists provide financial assistance and instigate destructive activities, such as detonating explosive devices and remote blasting, against public roads, streets, railways, government offices, and houses. PDF terrorists are recklessly carrying out landmine planting and bombings using explosives on public roads and bridges, with the aim of causing injuries to the public and destroying regional development.
Since they are conducting such terrorist acts, on 11 June 2026, around 7:30 am, while U Aung Zaw Moe, 39 years old and U Kyaw Myint Than, 49 years old, both residents of Phar Eai (East) Village in Sidoktaya Township of Magway Region, were on their way to cut bamboo, U Aung Zaw Moe stepped on an improvised explosive device planted by a so-called PDF terrorist group. As a result, both men sustained shrapnel injuries and were transported to Minbu Township Public Hospital for medical treatment, it is reported.
Similarly, around 5:00 pm on the same day, while U Maung Htway, aged 40, a resident of Yar Pyin Village in Naungcho Township of Northern Shan State, was farming in a plantation field about one and a half miles of northwest of the village, he stepped on an improvised explosive device planted by a so-called PDF terrorist group. As a result, U Maung Htway died on the spot, it is reported.
It has been reported that the security forces are investigating the culprits of the acts of terrorism from the above incidents to take effective action in accordance with the law.
