မြို့နယ်အချို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၁၃ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဇွန်လ ၁၁ ရက်နေ့က နှစ်လုံး/သုံ
မြို့နယ်အချို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
နေပြည်တော်၊ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဇွန်လ ၁၁ ရက်နေ့က နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ကေဇင်မြင့်(၂၁)နှစ်၏နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ် နေကြောင်း သတင်းအရ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ကေဇင်မြင့်အား နေအိမ်ရှေ့ခန်း၌ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့်လည်းကောင်း၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာနေ အောင်လွင်(၅၃)နှစ်၏နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ရှေ့ခန်းအတွင်း နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် ကေဇင်မြင့်နှင့် အောင်လွင်တို့အား ဖျာပုံမြို့မရဲစခန်း (ပ)၉၁-၉၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း၊
ထို့အတူ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာနေ မင်းမောင်ပု(၅၄)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မင်းမောင်ပုအား နေအိမ်အောက်ထပ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မင်းမောင်ပုအား ကျိုက်မရောမြို့မရဲစခန်း (ပ)၅၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
