Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

မြို့နယ်အချို့၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား

မြို့နယ်အချို့၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား နေပြည်တော်၊ ဇွန် ၁၂           မြို့နယ်အချို့၌ ဇွန်လ ၁၀ ရက်နေ့က နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူထားကြောင်း သိရ

မြို့နယ်အချို့၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ ဇွန် ၁၂

          မြို့နယ်အချို့၌ ဇွန်လ ၁၀ ရက်နေ့က နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ရတနာသိင်္ဂီဈေးလမ်းကြား၌ နှစ်လုံးထီလောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ မြောက်ဥက္ကလာပမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းကြား၌ (ည)ရပ်ကွက်နေ ကောင်းမြတ်ပိုင်(၂၇)နှစ်အား နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကောင်းမြတ်ပိုင်အား မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၃၈၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့်လည်းကောင်း၊ 

          အလားတူ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သလ္လာဝတီလမ်းနှင့် သလ္လာဝတီ(၈)လမ်းထိပ်၌ သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ စောင့်ဆိုင်းနေစဉ် အဆိုပါရပ်ကွက်နေ တင်မင်းထွေး(၄၃)နှစ်အား တွေ့ရှိစစ်ဆေးခဲ့ရာ ၎င်းထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် တင်မင်းထွေးအား သာကေတနယ်မြေရဲစခန်း(ပ)၂၄၉/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် လည်းကောင်း၊ 

          ထို့အတူ ညနေ ၄ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အမှတ်(၁)အောက်ဈေး၊ (D)ရုံအပေါ်ထပ်လူသွားလမ်းကြား၌ နှစ်လုံးထီလောင်းကစားပြုလုပ် နေကြောင်းသတင်းအရ စစ်ကဲကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရွှေတောင်ရပ်ကွက်၊ ရဲဘော်ကုန်း(၄)လမ်းနေ ဒေါ်ခင်မာဦး(၅၆)နှစ်အား နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခင်မာဦးအား စစ်ကဲကုန်းနယ်မြေရဲစခန်း (ပ)၆၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)