Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် 

မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်  နေပြည်တော်၊ ဇွန် ၈              လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်

မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် 

နေပြည်တော်၊ ဇွန် ၈

             လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကို အကြမ်းဖက် ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

             ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီတွင် တနင်္သာရီ တိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဟိန်းလတ်ကျေးရွာနေ ကော့မပြင်းကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးဖြစ်သူ ဦးအုန်းမြင့်(၅၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

             အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကူတောင် ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမိုးအောင်(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

             အထက်ပါဖြစ်စဉ်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 

In Certain Townships, Administrative Officials Abducted by So-Called PDF Terrorists

Nay Pyi Taw, June 8

Terrorist groups have been engaging in battles, carrying out attacks using heavy weapons, drones to drop bombs, and improvised explosive devices across towns and villages in various states and regions. Moreover, they are committing inhumane acts of terror and criminal activities—including abducting and extorting money from civil servants, local civilians and also administrative officials, as well as killings.

          Since they are conducting such terrorist acts, on June 6 2026, around 9:00 am, while U Ohn Myint, 59 years old, the Kawt Ma Pyin Village Tract Administrator and a resident of Hein Lat Village in Tanintharyi Township of Tanintharyi Region, was at his house, a group of 10 so-called PDF terrorists arriving by four motorcycles, and abducted him, it is reported.

Similarly, around 4:50 pm on the same day, while U Moe Aung, 53 years old, the village administrator and a resident of Ku Taung Village in Bago Township of Bago Region, was at his house, a group of 10 so-called PDF terrorists arrived and abducted him, it is reported.

             Regarding the above incidents, security forces are continuing necessary operations in accordance with standard procedures to identify, apprehend, and take action against the terrorists involved, it is reported.