Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

မြောက်ဥက္ကလာပမြို့နယ်၌ စကေဘာကိုင်ဆောင်သွားလာသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

မြောက်ဥက္ကလာပမြို့နယ်၌ စကေဘာကိုင်ဆောင်သွားလာသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇွန် ၇           ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ဇွန်လ ၅ ရက်နေ့က စကေဘာ ကိုင်ဆောင်သွားလာသူ အမျိ

မြောက်ဥက္ကလာပမြို့နယ်၌ စကေဘာကိုင်ဆောင်သွားလာသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇွန် ၇

          ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ဇွန်လ ၅ ရက်နေ့က စကေဘာ ကိုင်ဆောင်သွားလာသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် မြောက်ဥက္ကလာပ မြို့နယ်၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းအရောက်၌ မသင်္ကာဖွယ်တွေ့ရှိသူ (ဋ)ရပ်ကွက်နေ ရဲရင့်မောင် (ခ)ကံကောင်း(၂၈)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းထံမှ အရိုး/အသွား ၁၀ လက်မခန့်ရှိ စကေဘာ ၁ ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရဲရင့်မောင်(ခ)ကံကောင်းအား ဝေဘာဂီနယ်မြေရဲစခန်း (ပ)၅၅/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)