နောင်ချိုမြို့တွင် ငွေကျပ် ၃,၈၄၈ ဒသမ ၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၅ မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်
နောင်ချိုမြို့တွင် ငွေကျပ် ၃,၈၄၈ ဒသမ ၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၁၅
မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီး မန္တလေး-လားရှိုးသွားလမ်းတွင် နောင်ချို မြို့နယ်၊ သုံးဆယ်ကျေးရွာနေ ညီညီအောင်(ခ)ညွန့်အောင်(၅၇)နှစ် မောင်းနှင်လာသော TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၇၆၉,၆၆၅ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင် ၎င်းဒေသတန်ဖိုးငွေကျပ် ၃,၈၄၈ ဒသမ ၃၂၅ သိန်းအား ဖမ်းဆီးရမိသဖြင့် ညီညီအောင်(ခ)ညွန့်အောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
