Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ညောင်ရွှေမြို့နယ်တွင် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ညောင်ရွှေမြို့နယ်တွင် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၃ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ

ညောင်ရွှေမြို့နယ်တွင် ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၃

မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ ပွဲစားကုန်းလယ်ပြင် ကျေးရွာအဝင်လမ်းပေါ်တွင် လမ်းလျှောက်လာသူ ညောင်ရွှေမြို့နယ်၊ နွားဓမကျေးရွာနေ ဇော်လွင်ဦး (ခ)အယ်ဇော်(၄၄)နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၅၀)အား ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရအရေးယူ ထားကြောင်း သတင်းရရှိသည်။