ပေါင်းတည်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး နေပြည်တော်၊ ဇွန် ၈ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း
ပေါင်းတည်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး
နေပြည်တော်၊ ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇွန်လ ၆ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပေါင်းတည်မြို့၊ ဈေး(၂) ရပ်ကွက်၊ (၁၁)လမ်းထိပ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေါင်းတည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တာပွန်လမ်းဘက်မှ ပေါင်းတည်မြို့အတွင်းသို့ ဟင်္သာကန် ရပ်ကွက်နေ အောင်ထက်ပိုင်(၂၂)နှစ် မောင်းနှင်လာသော BGO 83W/xxxxx HONDA CLICK ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင်မှ ရုံးလှကုန်းကျေးရွာနေ သက်ပိုင်ဦး (ခ)ဖိုးသဲ(၂၆)နှစ် မောင်းနှင်လာသော BGO 9V/xxxxx Hsin Tien Li မီးခိုးရောင်ထော်လာဂျီဖြင့် အရှိန်မထိန်းနိုင်ဘဲတိုက်မိခဲ့၍ အောင်ထက်ပိုင်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် သက်ပိုင်ဦး(ခ)ဖိုးသဲအား ပေါင်းတည်မြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
