ပဲခူးမြို့နယ်၌ CANTER ၆ ဘီးမော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၂၂ ဘီး တွဲယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိ၍ အမျိူးသား ၂ ဦး သေဆုံး နေပြည်တော်၊ ဇွန် ၁၃ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဇ
ပဲခူးမြို့နယ်၌ CANTER ၆ ဘီးမော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၂၂ ဘီး တွဲယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိ၍ အမျိူးသား ၂ ဦး သေဆုံး
နေပြည်တော်၊ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဇွန်လ ၁၁ ရက်နေ့က CANTER ၆ ဘီးမော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၂၂ ဘီး တွဲယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိ၍ အမျိူးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆယ်မိုင်ကုန်းကျေးရွာ၊ ရန်ကုန်-ပဲခူးသွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၁ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံ ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းတကော်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း ရန်ကုန်ဘက်မှ ပဲခူးဘက်သို့ ဖြူးမြို့နယ်နေ သက်ဝေဖြိုး (၂၄)နှစ် မောင်းနှင်ပြီး ကျောက်ကြီးမြို့နယ်နေ ဦးဇော်ဦး(၅၀)နှစ် လိုက်ပါလာသော BGO-1 1P- xxxx CANTER ၆ ဘီးယာဉ်သည် အခင်းဖြစ်နေရာ လမ်းလယ်ကျွန်းလမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ ပျော်ဘွယ်မြို့နယ်နေ ကျော်မင်းနိုင်(၄၂)နှစ် မောင်းနှင်သော MDY-27 9J-xxxx NISSAN တွဲကား ၂၂ ဘီးယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် သက်ဝေဖြိုးနှင့် ဦးဇော်ဦး တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် မော်တော်ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ သက်ဝေဖြိုးအား အင်းတကော်နယ်မြေရဲစခန်း ယာဉ်(ပ)၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
