ပဲခူးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ ကလေး(မ) ၂ ဦး ဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် ၁၁ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဇွန်လ ၉ ရက်နေ့က ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ ကလေး(မ) ၂ ဦး ဒဏ်ရာရရှိခဲ့
ပဲခူးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ ကလေး(မ) ၂ ဦး ဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဇွန်လ ၉ ရက်နေ့က ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွား၍ ကလေး(မ) ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ် (၈)ရပ်ကွက်၊ ဘုရားသုံးဆူဂိတ်ဟောင်းအနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ပဲခူး)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ဥဿာမြို့သစ် (၅)ရပ်ကွက်နေ ဦးအေးကျော်(၆၁)နှစ် မောင်းနှင်ပြီး မအိသိင်္ဂီဖြိုး(၈)နှစ်နှင့် မထက်သိင်္ဂီဝင်း(၁၂)နှစ်တို့ လိုက်ပါလာသည့် ဆိုင်ကယ်မှာ မိုးရေကြောင့် လမ်းချော်တိမ်းမှောက်သွားခဲ့သဖြင့် မအိသိင်္ဂီဖြိုးနှင့် မထက်သိင်္ဂီဝင်းတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် အေးကျော်အား ပဲခူးမြို့၊ အမှတ်(၃) နယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
