Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ  

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ   နေပြည်တော်၊  

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ  

နေပြည်တော်၊   မေ  ၂၈

             ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား/ ကျောင်းသူ များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၈)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်သည်။

             အခမ်းအနားသို့  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့်ဇနီး၊  ဒုတိယဝန်ကြီး  ဗိုလ်ချုပ် မင်းသူနှင့်ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊  တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

              ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း များ၏ သားသမီးများဖြစ်သော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူ(၃၁၃၄) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ် ချီးမြှင့်ရာ တပ်ဖွဲ့/ဦးစီးဌာနအလိုက် ကျောင်းသား/ ကျောင်းသူများက လက်ခံခဲ့ပါသည်။

             ထို့နောက် ကျောင်းသား/ ကျောင်းသူများကိုယ်စား (ကျောင်းသား/ကျောင်းသူ)တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

             ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီးများဖြစ်ကြသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် မူလတန်း ကျောင်းသား/ကျောင်းသူ ၁၄၀၅ ဦး၊ အလယ်တန်း ကျောင်းသား/ကျောင်းသူ ၉၄၁ ဦး၊ အထက်တန်းကျောင်းသား/ကျောင်းသူ ၄၇၆  ဦး၊ တက္ကသိုလ်ပညာသင်ကြားမည့်  ကျောင်းသား/ ကျောင်းသူ ၃၁၂  ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ ၃၁၃၄  ဦးတို့အား ပထမအကြိမ်အဖြစ်  ပညာသင် ထောက်ပံ့ကြေး ၁၆၁.၄၈၅ သန်းနှင့်ကျောင်းသုံးဗလာစာအုပ် ၂၈၂၆ ဒါဇင်တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိသည်။