Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ပြည်မြို့တွင် ငွေကျပ် ၂၆၆ ဒသမ ၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ပြည်မြို့တွင် ငွေကျပ် ၂၆၆ ဒသမ ၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၁၁            ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ

ပြည်မြို့တွင် ငွေကျပ် ၂၆၆ ဒသမ ၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၁

           ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ရတနာမာန်အောင် ကွက်သစ်နေ အောင်ပြည့်ဖြိုး(ခ)အောင်လေး(၂၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၃၄၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၆၆ ဒသမ ၈ သိန်း)အား ဖမ်းဆီးရမိသဖြင့် အောင်ပြည့်ဖြိုး(ခ)အောင်လေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။