ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း၌ တွဲယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းထိုးကျတိမ်းမှောက်၍ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် ၁၃ မန္တလေးတိုင်
ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း၌ တွဲယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းထိုးကျတိမ်းမှောက်၍ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း၌ ဇွန်လ ၁၁ ရက်နေ့က တွဲယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းထိုးကျတိမ်းမှောက်၍ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း မိုင်တိုင်အမှတ် ၁၇ မိုင် ၄ ဖာလုံအနီး၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ကြောင်းသတင်းအရ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာနေ ဇင်မျိုးသူ(၂၅)နှစ်မောင်းနှင်ပြီး နွားထိုးကြီးမြို့နယ်၊ လက်ပံကျေးရွာနေ သန်းထွန်းအောင် (၃၂)နှစ် လိုက်ပါလာသည့် မြေနီများသယ်ဆောင်လာသော YGN-41 5R/xxxx Tractor Head တွဲ ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ အနက်ပေ ၂၀၀ ခန့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ဇင်မျိုးသူတွင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သန်းထွန်းအောင်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ဇင်မျိုးသူအား ပြင်စာနယ်မြေ ရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
