Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်၂၉၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်၂၉၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၀                  မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်၂၉၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၀

                 မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုမြို့နယ်၊ ဈေးကုန်းကျေးရွာနေ ဦးသက်(ခ)ဝင်းကို(၄၆)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မယဉ်ဝင်းမြိုင်(ခ)မကြီး(၄၂)နှစ် လိုက်ပါလာသောဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ် ရှေ့ခွကြားရှိ ပလတ်စတစ်ခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၁,၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၉၂ ဒသမ ၅ သိန်း)အား ဖမ်းဆီးရမိသဖြင့် ဦးသက်(ခ) ဝင်းကိုနှင့် မယဉ်ဝင်းမြိုင်(ခ)မကြီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။