ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး နေပြည်တော်၊ ဇွန် ၉ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ဇွန်လ ၇ ရက်နေ့က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံ
ရမည်းသင်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး
နေပြည်တော်၊ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ဇွန်လ ၇ ရက်နေ့က ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ရမည်းသင်းမြို့၊ သီလဝ(၃) ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၇၁ မိုင် နှင့် ၂၇၁ မိုင် ၁ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မြောက်မှတောင်သို့ ရမည်းသင်း မြို့နယ်၊ ကံဦးကျေးရွာနေ မင်းဇော်ဦး(၄၅)နှစ် မောင်းနှင်လာသည့် Honda wave 100 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ နောက်ယာဉ်ကြောမရှင်းဘဲ လမ်း၏ဝဲဘက်သို့ရုတ်တရက် ချိုးကွေ့စဉ် လားရာတူနောက်မှ ပဲခူးမြို့နယ်၊ အောင်မြင်သာကျေးရွာနေ နေဆန်း(၃၂)နှစ် မောင်းနှင်ပြီး တင်မျိုးဝင်း လိုက်ပါလာသည့် MDY-13 6R/xxxx Volvo (၂၀)ဘီးတွဲယာဉ်မှ ဝင်ရောက်တိုက်မိခဲ့၍ မင်းဇော်ဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် မင်းဇော်ဦးအား ရမည်းသင်းမြို့မ ရဲစခန်းယာဉ်(ပ)၂၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
(ရဲပြန်ကြား)