Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Announcements

“လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ယင်းမာပင်က နိုင်ကျဉ်းတစ်ဦးသေဆုံးခဲ့ကြောင်း” RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားရေးသားဖြန့်ဝေလျက်ရှိ

“လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ယင်းမာပင်က နိုင်ကျဉ်းတစ်ဦးသေဆုံးခဲ့ကြောင်း” RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ မတ် ၂၃   &nbs

“လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် ယင်းမာပင်က နိုင်ကျဉ်းတစ်ဦးသေဆုံးခဲ့ကြောင်း” RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၂၃

               စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်မားမြို့နယ်၊ ယင်းမာပင်ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုအေးလွင်သည် လုံလောက်သည့် ဆေးကုသခွင့်မရသောကြောင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာဖြစ်သည့် RFA Burmese သတင်းဌာနက လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက် ရှိကြောင်း သိရှိရသည်။

               ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအား ဆက်သွယ်စိစစ်ခဲ့ရာ အပြစ်ကျတရားခံ အေးလွင်သည် ယခင်ကတည်းက အရက်အားစွဲမြဲစွာ သောက်သုံးခဲ့သူတစ်ဦးဖြစ်ပြီး ရဲစခန်းအချုပ်၌ ရှိနေစဉ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ချောင်းဆိုးသွေးအန်ခြင်း ရောဂါဖြစ်ပွားလျက်ရှိရာ ယင်းမာပင်မြို့တွင် လုံခြုံရေးအခြေအနေအရ ပြည်သူ့ဆေးရုံဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ယင်းမာပင် မြို့ရှိ တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် ဆက်သွယ်၍ လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့သော်လည်း ဧပြီလမှစ၍ ရောဂါပိုမိုဆိုးဝါးလာသဖြင့် ရဲစခန်းအချုပ်၌ သီးသန့်ထားရှိကာ      ၂၄ နာရီပြည့် အောက်ဆီဂျင်ပေးထားခဲ့ရကြောင်း၊ အပြစ်ကျတရားခံ အေးလွင်၏ မိသားစုမှ လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးဝါးများ ပို့ပေးခဲ့သော်လည်း ထပ်မံလိုအပ်သည့်အတွက် ယင်းမာပင်မြို့မရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ဆေးဝါးကုသလျက်ရှိသည့် ၁၀ လအတွင်း စုစုပေါင်း ငွေကျပ် ၁၈ သိန်းအား အကြိမ်ကြိမ်ထောက်ပံ့ပေးခဲ့ကြောင်း၊ အပြစ်ကျတရားခံ အေးလွင်၏ ဇနီးဖြစ်သူမှ ဆေးဝါးများလာရောက်ပို့ဆောင်စဉ် တစ်နေ့လျင် ၃ ကြိမ်တွေ့ဆုံခွင့်ပေးကာ ဝေယျာဝစ္စများ ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏မိသားစုနှင့်အတူ အနီးကပ် ပြုစုစောင့် ရှောက်ပေးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အပြစ်ကျတရားခံအေးလွင်သည် ရောဂါဝေဒနာမှာ ဆိုးဝါးလာသဖြင့် တပ်မတော်ဆေးကုသရေးအဖွဲ့မှ ဆေးဝါးကုသပေးခဲ့သော်လည်း ည ၆ နာရီ ၅ မိနစ်အချိန်တွင် အဆုပ်သွေးအန်ရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

               အပြစ်ကျတရားခံ အေးလွင် နာမကျန်းနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ဝင်များသည် ဥပဒေလုပ် ထုံးလုပ်နည်းနှင့်အညီ လူသားချင်းစာနာထောက်ထားသောအားဖြင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရပြီး တရားမဝင် ပြည်ဖျက် မီဒီယာဖြစ်သည့် RFA Burmese သတင်းဌာနအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုမှ ထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်၍ လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း သိရသည်။