လူကုန်ကူးခံရသူများအားစွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားအား၂၀၁၈ခုနှစ်၊ မေလ၃၁ ရက်နေ့တွင် Royal Nay Pyi Taw Hotel ,နေပြည်တော်၌ကျင်းပပြုလုပ် နေပြည်တော်၊ မေ ၃၁ ၁။ လူကုန်ကူး
လူကုန်ကူးခံရသူများအားစွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားအား၂၀၁၈ခုနှစ်၊ မေလ၃၁ ရက်နေ့တွင် Royal Nay Pyi Taw Hotel ,နေပြည်တော်၌ကျင်းပပြုလုပ်
နေပြည်တော်၊ မေ ၃၁
၁။ လူကုန်ကူးခံရသူများအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် တွေ့ဆုံဆွေးနွေးပွဲအား ပိတ်ပွဲအခမ်း အနားကို ၂၀၁၈ခုနှစ်၊ မေလ ၃၁ ရက်နေ့ ၀၉၃၀အချိန်တွင် Royal Nay Pyi Taw Hotel, နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်း ဌာနကြီးမှ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ လူကုန်ကူးခံရပြီးနေရပ်ထံပြန်လာသူ (၃၄)ဦး၊ World Vision (Myanmar)မှ Operation Director, ဦးစိုးကျော်ကျော်, UN-ACT, IOM, Save the Children မှတာဝန်ရှိသူများ၊ မီဒီယာများ၊စုစုပေါင်း (၈၅)ဦးခန့်တက်ရောက်ခဲ့ပါသည်။
၂။ တွေ့ဆုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားအား အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး World Vision (Myanmar)မှ Operation Director, ဦးစိုးကျော်ကျော် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မှတ်တမ်းဗွီဒီယိုနှင့် နေရပ်ထံပြန်လာသူများ၏ ရင်တွင်းစကားသံများပြသခြင်း၊ ၂၈-၅-၂၀၁၈ ရက်နေ့မှ ၃၀-၅-၂၀၁၈ ရက်နေ့အထိ နေရပ်ထံပြန်လာသူမှ ဆွေးနွေးအကြံပြု ထားသည်များကိုသံချပ်၊ ပြဇာတ်၊ တေးသရုပ်ဖော်တို့ဖြင့် တင်ဆက်ပြသခြင်း၊ အကြံပြုချက်များ အပေါ် ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ နေရပ်ထံပြန်လာသူများ ကိုယ်စား ပြန်လာသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးမှ ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် က ပိတ်ပွဲအမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

