Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆,၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆,၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ  နေပြည်တော်၊ မတ် ၂၁ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ

သာစည်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် ၆,၃၅၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်၊ မတ် ၂၁

မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် YUTONG အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များဖြစ်သည့် မင်္ဂလာဒုံမြို့နယ်နေ ဝင်းဇော်ဇော်တင်(၄၂)နှစ်၊ လားရှိုးမြို့၊ မြန်မာခါးရိုးရပ်ကွက်နေ ပိုင်ရဲထွန်း(၂၁)နှစ်နှင့်ဇော်ရှိုင်း(၂၀)နှစ်တို့ ၃ ဦးသယ်ဆောင်လာသည့် စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် HAPPY WATER ၅ ဒသမ ၂၃၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ငွေကျပ် ၆,၂၈၂ သိန်း)၊ ကက်တမင်း ၀ ဒသမ ၂ ကီလို(တစ်ကီလိုလျှင်ငွေကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀)တို့အား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင်တည်းခိုနေသည့် စိတ်ပြောင်း ဆေးဝါးများ သယ်ဆောင်ခိုင်းသူ လားရှိုးမြို့၊ သီရိမဟာရပ်ကွက်နေ ငြိမ်းထွန်းဦး(၃၂)နှစ်အား စိတ်ပြောင်းဆေးဝါး HAPPY WATER ၄၀ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဝင်းဇော်ဇော်တင်၊ ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့် ငြိမ်းထွန်းဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သတင်းရရှိသည်။