Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇                ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

               ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စုစုပေါင်း ဘိန်းစိုက်ခင်း ၄၅ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်မှ ညနေ ၅ နာရီ အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်း အဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နားစေးစောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၅ ဧကခန့်အား လည်းကောင်း။

               အလားတူ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၄ ဧကခန့် အား လည်းကောင်း။

               ထို့အတူ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်မှ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က ပင်လောင်း မြို့နယ်၊ လုံပျဉ်ကျေးရွာအုပ်စု၊ နောင်ဝိုးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၆ ဧကခန့် အား လည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)