Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁           ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ ၁၉ ရက်န

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၃၄ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ မွန်းလွဲ ၃ နာရီ ၂၀ မိနစ် အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့က ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ နားစေးစောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း  ၁၁ ဧကခန့်အားလည်းကောင်း။

          အလားတူ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအချိန်ထိ  ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဘော်ကုန်းကျေးရွာအုပ်စု၊ လီမောကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၈ ဧကခန့်အားလည်းကောင်း။

          ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၅ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ 

(ရဲပြန်ကြား)