Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂           ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ ၂၀ ရက်န

ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၃၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့က ဆီဆိုင်မြို့နယ်၊ နားစေးစောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၁ ဧကခန့် အားလည်းကောင်း။

          အလားတူ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လီမောကျေးရွာ အနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း။

          ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ နမ့်ဖာမူကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၇ ဧကခန့်နှင့် ဗန်းမောက်ကျေးရွာ အနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)