ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ မတ် ၂ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၇၈.၅ ဧကခန့်အား ဖျက
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
နေပြည်တော်၊ မတ် ၂
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၇၈.၅ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီ အချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ကုန်းစံကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၄၁ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းလေးကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ တိနျားကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၀ ဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ နန့်ဖာမူကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီအချိန်ထိ မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ်၊ တောင်သုံးလုံး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၉.၅ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
