Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ မတ် ၉           ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၇ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၂ ဧကခန့်အား ဖျက်ဆီးရှင်းလ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်၊ မတ် ၉

          ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၇ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၂၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံး မြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ လိုက်ကတူးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧက ခန့်အားလည်းကောင်း။

          အလားတူ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လပ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၃ ဧကခန့်အား လည်းကောင်း။

          ထို့အတူ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်မှ ၁၁ နာရီ ၂၅ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်း မြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၄ ဧက ခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)