Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈           ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၆၉ ဧကခန့်အ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

          ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၆၉ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီအချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ နမ့်ထွယ်ကတ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၀ ဧကခန့်နှင့် ဝမ်ကုန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၀ ဧကခန့်တို့အားလည်းကောင်း။

          အလားတူ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊  ဖက်ရမ်းလေးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း။

          အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ညိုမီးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အားလည်းကောင်း။

          ထို့အတူ နံနက် ၉ နာရီခွဲအချိန်မှ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ဗန်းမောက် ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်နှင့် ငွေတောင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆ ဧကခန့်တို့အားလည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်း ရရှိသည်။

(ရဲပြန်ကြား)