Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး နေပြည်တော်၊ မတ် ၁           ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၇၀ ဧကခန့်အား ဖျက်ဆ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်၊ မတ် ၁

          ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၇၀ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီအချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့က လွိုင်လင်မြို့နယ်၊ ဝမ်ကုန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၄၀ ဧကခန့်အား လည်းကောင်း။

          အလားတူ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်မှ ၁၁ နာရီအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊  ဖက်ရမ်းလေး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၇ ဧကခန့်အားလည်းကောင်း။

          အလားတူ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ညိုမီး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၁ ဧကခန့်အားလည်းကောင်း။

          ထို့အတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ နောင်ဝိုးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)