Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅           ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၃၉ ဧကခန့်အာ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

          ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၃၉ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။ 

          ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၃ နာရီခွဲအချိန်ထိ ဆီဆိုင် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင် မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၃ ဧကခန့်အားလည်းကောင်း။ 

          အလားတူ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ဖက်ရမ်းလေးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း။ 

          အလားတူ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်း မြို့နယ်၊ နန်းတုတ်ကျေးရွာအုပ်စု၊ နန့်ဖာမူကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၄ ဧကခန့်အားလည်းကောင်း။  

          ထို့အတူ နံနက် ၁၀ နာရီခွဲအချိန်မှ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ထိ ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လည်ကျေးရွာအုပ်စု၊ ဖားအော်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၇ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ 

(ရဲပြန်ကြား)