Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၄              ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၂ ရက်နေ့က သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၉ ဧကခန့်အား ဖျက်ဆီးရှင်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ မတ် ၄

             ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၂ ရက်နေ့က သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၉ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၅ မိနစ်အချိန်မှ ညနေ ၄ နာရီအချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ တန့်အယ်ကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၂၃ ဧကခန့်အားလည်းကောင်း၊ 

             အလားတူ နံနက် ၈ နာရီခွဲအချိန်မှ မွန်းလွဲ ၃ နာရီအချိန်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ထာငို ကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၁ ဧကခန့်အားလည်းကောင်း၊ 

             အလားတူ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ လုံတာကျေးရွာအနီးရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၉ ဧကခန့်အားလည်းကောင်း၊ 

             ထို့အတူ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လိုက်ကတူး ကျေးရွာအနီးရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)