Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ မတ် ၆           ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၄ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၆၂ ဧကခန့်အား ဖျက်ဆီးရှင်းလင

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ မတ် ၆

          ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ်လ ၄ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၆၂ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ မတ်လ ၄ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီအချိန်ထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ တက်ပူကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃၅ ဧကခန့်အား လည်းကောင်း။

          အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်မှ ညနေ ၄ နာရီ ၄၀ မိနစ်အချိန်ထိ ဆီဆိုင် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင် မြို့နယ်၊ နားမွန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၁ ဧကခန့်အားလည်းကောင်း။

          အလားတူ နံနက် ၈ နာရီ ၄၀ မိနစ်အချိန်မှ ၁၁ နာရီအချိန်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လိုက်ကတူး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၇ ဧကခန့်အားလည်းကောင်း။

          ထို့အတူ နံနက် ၉ နာရီအချိန်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်း မြို့နယ်၊ နမ့်ဖာမူကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၉ ဧကခန့်အားလည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)