Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Police Activities

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇                ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

               ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဘိန်းစိုက်ခင်း စုစုပေါင်း ၃၈  ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှ ၁၁ နာရီခွဲအချိန်ထိ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံး မြို့နယ်၊ ဖက်ရမ်းကျေးရွာအုပ်စု၊ ဖက်ရမ်းလေးကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၅ ဧကခန့်အားလည်းကောင်း။

               အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်မှ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ထိ ဆီဆိုင် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင် မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဟိုနောင်ကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၂ ဧကခန့်အားလည်းကောင်း။

               အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ထိ ပင်လောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်း မြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ မြေတိုင်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၁၃ ဧကခန့် အားလည်းကောင်း။

               ထို့အတူ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းဖြတ်မြို့နယ်၊ တောညူနမ့်ခမ်း(အောက်)ကျေးရွာအုပ်စု၊ ကျယီကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း  ၈ ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)