Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Drug Seizures

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဧပြီ ၁၁ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပ

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၁

ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကွက်သစ်နေ ရဲရင့်သူ(၂၈)နှစ် ငှားရမ်းနေထိုင်သည့် နေအိမ်ခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၀)နှင့် အိုက်စ်(ဖက်သ်အဖက်တမင်း) ၀ ဒသမ ၆ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၆၀)အား ဖမ်းဆီးရမိပြီး အလားတူ ဧပြီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန် မူး  ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ၊ တာချီလိတ်-မိုင်းဆတ်သွား လမ်းတွင် လမ်းလျှောက်လာသူ တာချီလိတ်မြို့နယ်၊ ဖက်ဟိ(အောက်)ရွာနေ ဂျိုးဆက်(ခ)လော်ခါ(၄၅) နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၇၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇၀)အား ဖမ်းဆီးရမိသဖြင့် ရဲရင့်သူနှင့် ဂျိုးဆက်(ခ)လော်ခါ တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။