တာချီလိတ်မြို့တွင် ငွေကျပ် ၁၇ ဒသမ ၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော်၊ မေ ၂၄ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ
တာချီလိတ်မြို့တွင် ငွေကျပ် ၁၇ ဒသမ ၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၂၄
မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အနီး တာချီလိတ်-မိုင်းဆတ်သွားလမ်းတွင် ကျိုင်းတုံမြို့နယ်၊ ပန်ဝိုင်(အထက်)ကျေးရွာနေ နေမင်းဦး (၄၅)နှစ် မောင်းနှင်ပြီး မိုင်းဖြတ်မြို့နယ်၊ ဘူရှီးကျေးရွာနေ ဘောဇ(၅၆)နှစ် လိုက်ပါလာသော WAVEi 125 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၆၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့် ဘိန်းဖြူ ၂၅ ဂရမ် (တစ်ဂရမ်လျှင်ငွေကျပ် ၂၃,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅ ဒသမ ၇၅ သိန်း) တို့အား ဖမ်းဆီးရမိသဖြင့် နေမင်းဦးနှင့် ဘောဇတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
