Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

တောင်ကြီးမြို့နယ်၌ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ တရားမဝင်ရောင်းချသူ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးအရေးယူ 

တောင်ကြီးမြို့နယ်၌ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ တရားမဝင်ရောင်းချသူ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးအရေးယူ  နေပြည်တော်၊ ဇွန် ၁၀                ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က ဓာတ်ဆ

တောင်ကြီးမြို့နယ်၌ ဓာတ်ဆီနှင့် ဒီဇယ်ဆီများ တရားမဝင်ရောင်းချသူ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးအရေးယူ 

နေပြည်တော်၊ ဇွန် ၁၀

               ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဇွန်လ ၈ ရက်နေ့က ဓာတ်ဆီနှင့် ဒီဇယ်ဆီများ တရားမဝင်ရောင်းချသူ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

               ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင်  တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်၊ ရွှေညောင်-ရပ်စောက်သွားကားလမ်းဘေးရှိ ဒေါ်ချိုချိုသဲ(၅၁)နှစ်၏နေအိမ်၌ တရားမဝင်စက်သုံးဆီများ ရောင်းချနေကြောင်း သတင်းအရ ရွှေညောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့်  ရွှေညောင်ရေနံကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ၎င်း၏နေအိမ်မှ ဓာတ်ဆီ ၂၉ လီတာခန့်၊ ဒီဇယ် ၂၀ လီတာခန့်နှင့် ဓာတ်ဆီ ရောင်းချ ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ချိုချိုသဲအား ရွှေညောင် နယ်မြေရဲစခန်း (ပ)၈၅/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)