Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

တောင်ငူမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ဖမ်းဆီးရမိ

တောင်ငူမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၁           ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် ဇွန်လ ၉

တောင်ငူမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၁

          ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် ဇွန်လ ၉ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တောင်ငူ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့၊၂၃ရပ်ကွက်၊ တောင်ငူ- သံတောင် ကားလမ်း၊ စစ်တောင်းမြစ်အရှေ့ဘက်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သံတောင်မြို့ဘက်မှ တောင်ငူမြို့ဘက်သို့ သံတောင်ကြီးမြို့နယ်၊ ငှက်ပျောတော အောက်ရွာနေ စောကျန်နေထွန်း(၅၅)နှစ် မောင်းနှင်လာသော YGN-19-7E/xxxx MAZDA BONGO အမျိုးအစား မော်တော်ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်နှင့် ပက်သက်၍ အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် စောကျန်နေထွန်းအား တောင်ငူမြို့၊ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၂၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် လည်းကောင်း၊

          ထို့အတူ မွန်းလွဲ ၁ နာရီအချိန်တွင် ဝက်ထီးကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်ဖျားကွက်သစ်လမ်းထိပ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဝက်ထီးကန်ကျေးရွာဘက်မှ ဆီဆုံကုန်းလေးကျေးရွာဘက်သို့ ဆီဆုံကုန်းလေးကျေးရွာနေ ကျော်မျိုးထွန်း(ခ) ကျော်မိုးထွန်း(၃၈)နှစ် မောင်းနှင်လာသည့် YUNDE- SMASH အမျိုးအစား ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ကြောင်း သိရှိရသောကြောင့် ကျော်မျိုးထွန်း(ခ) ကျော်မိုးထွန်းအား ဝက်ထီးကန်နယ်မြေရဲစခန်း(ပ)၂၀/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)