Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Gambling Seizures

တပ်ကုန်းမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူ

တပ်ကုန်းမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူ နေပြည်တော်၊ ဇန်နဝါရီ ၁၅           နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဇန်နဝါရီလ ၁၃ ရက်နေ့က နှစ်လု

တပ်ကုန်းမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဇန်နဝါရီ ၁၅

          နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ဇန်နဝါရီလ ၁၃ ရက်နေ့က နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ သူဌေးကုန်း ကျေးရွာနေ ဦးခင်မောင်လွင်(၄၂)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်အတွင်းမှ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခင်မောင်လွင်အား တပ်ကုန်းမြို့မရဲစခန်း (ပ)၅/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)