တပ်ကုန်းမြို့နယ်တွင် ငွေကျပ် ၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၀ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ကုန်းမြို့နယ်တွင် ငွေကျပ် ၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် ၁၀
ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တပ်ကုန်းမြို့နယ်၊ မရိုးကုန်းကျေးရွာနေ ဇော်ကြီး(၄၇)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာ ကျေးရွာနေ ကိုထက်(၂၇)နှစ်အား တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၅ သိန်း) အား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် တစ်ရွာတည်းနေ တင့်ဇော် (ခ)ဇော်ကြီး(၄၅)နှစ်၏ နေအိမ်အား ဆက်လက်ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၂,၀၀၀ ပြား (တစ်ပြားလျှင်ငွေကျပ် ၂,၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀)အား ထပ်မံဖမ်းဆီးရမိသဖြင့် ဇော်ကြီး၊ ကိုထက်နှင့် တင့်ဇော်(ခ)ဇော်ကြီးတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သတင်း ရရှိသည်။
