ဥတ္တရသီရိမြို့နယ်၌ နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးထား နေပြည်တော်၊ ဇန်နဝါရီလ ၁၉ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က နှစ
ဥတ္တရသီရိမြို့နယ်၌ နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးထား
နေပြည်တော်၊ ဇန်နဝါရီလ ၁၉
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့က နှစ်လုံး/ ချဲထီလောင်းကစားပြုလုပ်သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်ဈေးအတွင်း၌ နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဥတ္တရသီရီ ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဈေးအတွင်း၌ အဆိုပါရပ်ကွက်နေ အူဝဲ(ခ)သန်းသန်းဝေ(၄၅)နှစ်အား နှစ်လုံး/ချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊လောင်းကြေးငွေများနှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အူဝဲ(ခ)သန်းသန်းဝေ အား တောင်ညိုနယ်မြေ ရဲစခန်း(ပ)၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)
