Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရရှိ

ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရရှိ နေပြည်တော်၊ ဇွန် ၉                ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ဇွန်လ ၇ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသာ

ဝေါမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဒဏ်ရာရရှိ

နေပြည်တော်၊ ဇွန် ၉

               ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ဇွန်လ ၇ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

               ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ဝေါမြို့နယ်၊ ကျိုက်လှ ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၆၆ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဝေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ ဇင်းကျိုက်မြို့နေ အောင်ကျော်ကျော်(၃၂)နှစ်မောင်းနှင်ပြီး သန်လျင်မြို့နေ ဒေါ်ကွန်မာရီ(၅၄)နှစ် လိုက်ပါလာသည့် YGN-12 2E/xxxx Mazada Familia မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက် ၌ လားရာတူ လမ်း၏ယာဘက်ရှိ PUMA စက်သုံးဆီဆိုင်အတွင်းမှ လမ်းမပေါ်သို့ ယာဉ်ကြောမရှင်းဘဲ ဖြတ်တက်မောင်းနှင်သည့် လင်းခေးမြို့နယ်နေ ဝေဖြိုးကျော် (၃၀)နှစ် ၏ MDY-26 5B/xxxx Nissan Diesel(၂၂)ဘီးယာဉ်၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့သဖြင့်  အောင်ကျော်ကျော်၊ ဒေါ်ကွန်မာရီနှင့် ဝေဖြိုးကျော်တို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် အောင်ကျော်ကျော်နှင့် ဝေဖြိုးကျော်တို့အား ဝေါမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)