Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Announcements

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား သြစတြေးလျ ပြည်ထောင်စု ရဲအဖွဲ့ (AFP) အကြီးတန်း ဆက်ဆံရေးအရာရှိ မှ လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား  သြစတြေးလျ ပြည်ထောင်စု ရဲအဖွဲ့ (AFP) အကြီးတန်း ဆက်ဆံရေးအရာရှိ မှ လာရောက်တွေ့ဆုံ နေပြည်တော်၊ ဇွန် ၅ မြန်မာနိုင်ငံရဲတပ်ဖွ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးအား  သြစတြေးလျ ပြည်ထောင်စု ရဲအဖွဲ့ (AFP) အကြီးတန်း ဆက်ဆံရေးအရာရှိ မှ လာရောက်တွေ့ဆုံ

5-6-2019 1

5-6-2019 2

နေပြည်တော်၊ ဇွန် ၅

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်သည့် အဖွဲ့အား ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီတွင် သြစတြေးလျပြည်ထောင်စုရဲအဖွဲ့(AFP) အကြီးတန်း ဆက်ဆံရေးအရာရှိ Mr Jared Taggart မှ ရဲချုပ် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မူးယစ်ဆေးဝါး နှင့်မိုင်းအနံ့ခံရှာဖွေစစ်ဆေးရေးခွေးသင်တန်းကျောင်းကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်နိုင်ရေး၊ DNA ၊ ဓာတုဗေဒစစ်ဆေးမှုနှင့် Cyber စစ်ဆေးမှုနည်း ပညာအဆင့် မြှင့်တင်နိုင်ရေး၊ ရေကြောင်းရဲတပ်ဖွဲ့အတွက် ရေယာဉ်များအကူအညီရရှိနိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ တက်ရောက်ခဲ့ ကြောင်း  သတင်းရရှိသည်။