Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force
Crime News

လှိုင်မြို့နယ်၊ အင်းစိန်လမ်းဆုံ မီးပွိုင့်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ်ပွား

လှိုင်မြို့နယ်၊ အင်းစိန်လမ်းဆုံ မီးပွိုင့်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ်ပွား နေပြည်တော်၊ ဇွန် ၁၂           ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းဆုံမီး

လှိုင်မြို့နယ်၊ အင်းစိန်လမ်းဆုံ မီးပွိုင့်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ်ပွား

နေပြည်တော်၊ ဇွန် ၁၂

          ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းဆုံမီးပွိုင့်တွင် ဇွန်လ ၁၀ ရက်နေ့က ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်(၆)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ အင်းစိန် လမ်းဆုံမီးပွိုင့်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှိုင်မြို့နယ်၊ ပါရမီလမ်းအတိုင်း အရှေ့မှ အနောက်သို့ စမ်းချောင်းမြို့နယ်နေ အောင်မင်းထွန်း(၃၄)နှစ် မောင်းနှင်လာသော YGN-12 2J-xxxx HINO XZU420 မော်တော်ယာဉ်သည် ပါရမီလမ်းနှင့် အင်းစိန်လမ်းဆုံမီးပွိုင့်အနီးအရောက် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်မီးတိုင်အား ဝင်ရောက်တိုက်မိကာ ဆက်လက်၍ မီးပွိုင့်မီးနီ၍ ရပ်စောင့် နေသော ဒဂုံတောင်မြို့နယ်နေ မတင်မေလွင်(၃၅)နှစ်မောင်းနှင်သည့် YGN-13 CC-xxxx TOYOTA COROLLA FIELDER မော်တော်ယာဉ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး ၎င်းမှတဆင့် ၎င်းယာဉ်၏ ယာဘက်ဘေးရှိ လှိုင်မြို့နယ်နေ ဦးထွန်းရီ(၅၈)နှစ်မောင်းနှင်သည့် MDY-15 2T-xxxx GAC AION Y PLUS EV မော်တော်ယာဉ်နှင့် ၎င်းရှေ့ရှိ သာကေတမြို့နယ်နေ ကိုရန်နိုင်စိုး(၄၀)နှစ် မောင်းနှင်သည့် BGO-11 4L-xxxx SUZUKI CARRY မော်တော်ယာဉ်၊ ဒဂုံမြောက်မြို့နယ်နေ ကိုရဲခန့်(၂၆)နှစ် မောင်းနှင်သည့် MDY-14 5S-xxxx BYD SEAGULL EV မော်တော်ယာဉ်နှင့် မှော်ဘီမြို့နယ်နေ ကိုသက်ဆွေ(၃၈)နှစ်မောင်းနှင်သည့် MDY-13 9Q-xxxx HIGER မော်တော်ယာဉ်များအား အဆင့်ဆင့်ဝင်ရောက်တိုက်မိခဲ့ကြောင်း၊

          အဆိုပါယာဉ်တိုက်မှုကြောင့် လမ်းလယ်မီးတိုင်နှင့်မော်တော်ယာဉ်(၆)စီးမှာ အသီးသီး ပျက်စီး ဆုံးရှုံးခဲ့သဖြင့် မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း အောင်မင်းထွန်း အား လှိုင်မြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ 

(ရဲပြန်ကြား)