Emergency Hotline: 199
Myanmar Police Force Myanmar Police Force Myanmar Police Force

ရဲအကြပ်အတတ်သင်ကျောင်း (လှော်ကား)

၁။      လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

          ( ခ )   မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် ရည်မှန်းချက်တာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

          ( ဂ )   သင်ရိုးညွှန်းတမ်းများအား ခေတ်စနစ်၊ နည်းပညာတိုးတက်မှု အချိန်ကာလ အခြေအနေတို့အတွက် စိစစ်ပြင်ဆင်ရေးဆွဲခြင်း။

          (ဃ)    နည်းပြအရည်အချင်း မြင့်မားရေးအတွက် နည်းပြလေ့ကျင့်ရေးအစီအမံများ ချမှတ် ဆောင်ရွက်ခြင်း။

          ( င )   သင်တန်းအမျိုးအစားအလိုက် သင်တန်းရည်ရွယ်ချက်များ အောင်မြင်အောင် ဆောင်ရွက်ခြင်း။

          ( စ )   သင်တန်းသားများ လက်ခံနိုင်မှု စွမ်းရည်အား အကဲဖြတ်၍ စွမ်းရည်ပြည့်ဝစေရန်၊ နည်းစနစ် တီထွင်ဖော်ဆောင်ခြင်း။

          (ဆ)    စိတ်ဓာတ်စည်းကမ်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး သယ်ပိုးလိုသည့် အကြပ်ကောင်းများ ဖြစ်လာစေရေးအတွက် စီမံကြပ်မတ်လေ့ကျင့်ဆောင်ရွက်ခြင်း။

၂။       လေ့ကျင့်ရေးဆိုင်ရာမူဝါဒများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ယုံကြည်ချက်၊ ခံယူချက် မှန်ကန်အောင် လေ့ကျင့်ပေးရန်။

          ( ခ )   နိုင်ငံတော်အစိုးရဘက်မှ ရပ်တည်ချက် ခိုင်မာအောင် လေ့ကျင့်ပေးရန်။

          ( ဂ )   စိတ်ဓာတ်စည်းကမ်း၊ ကိုယ်ကျင့်တရားကောင်းမွန်၍ အများအကျိုး သယ်ပိုးလိုစိတ် ရှိအောင် ဦးတည်လေ့ကျင့်ပေးရန်။

          (ဃ)    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးသော ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးရန်။

          ( င )   ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို အဆင့်နှင့် လိုက်လျောညီထွေအောင် သိရှိ လေ့လာလိုက်နာဆောင်ရွက်နိုင်ရေး လေ့ကျင့်ပေးရန်။

          ( စ )   ခေတ်မီနည်းပညာနှင့် အတတ်ပညာများ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာလိုစိတ်ရှိအောင် ဦးတည်သင်ကြားပေးရန်။

          (ဆ)    စွမ်းရည်(၄)ရပ် မြင့်မားလာစေရေး ဦးတည်လေ့ကျင့်ပေးရန်။

၃။      အောက်ပါသင်တန်းများ ဖွင့်လှစ် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါသည်-

                   သင်တန်းအမျိုးအစား                                                 သင်တန်းကာလ       

          (က)    ရဲအကြပ်ငယ်(အမျိုးသား)သင်တန်း                                ၆ ပတ်

          ( ခ )   ရဲအကြပ်လောင်း(အမျိုးသား)သင်တန်း                           ၆ ပတ်

          ( ဂ )   ရဲတပ်ကြပ်ကြီး(အမျိုးသား)သင်တန်း                              ၆ ပတ်

          (ဃ)    တိုက်ပွဲဝင်စည်းရုံးရေး(အကြပ်/တပ်သား)သင်တန်း            ၄ ပတ်

          ( င )   ရဲတပ်ကြပ်ကြီး(မှုခင်းစာရေး)သင်တန်း                            ၁၇ ပတ်

          ( စ )   အမှုစစ်(အခြားအဆင့်)သင်တန်း                                    ၆ ပတ်

          (ဆ)    နယ်ထိန်း(အခြားအဆင့်)သင်တန်း                                 ၆ ပတ်